ဝါကျအသံ ဂရုြပုရန်
ဝါကျအဆံုးသတ်ေတွဟာ ဝါကျအသံကို ေဖာ်ြပပါတယ်။
''ဤအေြကာင်းကို ကျွန်ေတာ် သိ၏။'' ဆိုတာက ''ဤအေြကာင်းကို ကျွန်ေတာ် သိသည်။'' ဆိုတာထက် ပိုြပီး ခိုင်မာပါတယ်။
''ြဖစ်သည်'' ဆိုတာထက် ''ြဖစ်ပါသည်'' ဆိုတာက ပိုယဉ်ေကျးတယ်။''ြဖစ်ေပသည်'' ဆိုရင် ခံ့ညားသံပါတယ်။
''ြဖစ်ေပေတာ့သည်'' ဆိုရင် အဆံုးသတ်သံ။''ြဖစ်ေပေတာ့သည်တကား'' ဆိုရင် အေလးအနက် အဆံုးသတ်သံ။
တိုက်တွန်းေစခိုင်းတဲ့ ဝါကျေတွဟာလည်း ြပတ်ြပတ်သားသားသံ ထွက်တယ်။ အေပါ်စီးက ေြပာတဲ့အသံမျိုးြဖစ်ပါတယ်။
''ငါ့ကိုသာ အရှင်မှတ်၊ ငါချစ်ရာ ချစ်၊ ငါမုန်းရာ မုန်း၊ ငါ့ရန်သူကို ရန်သူမှတ်၊ ငါ့သားေတာ်အစဉ် ေြမးေတာ်အဆက် အရှင်မှတ်၊ ဖဝါးကဲ့သို့ ကျင့်၊ လက်ဝါးကဲ့သို့ မကျင့်နှင့်၊ ငါ့အကျိုးစီးပွားေတာ် ယုတ်ေလျာ့မည့် အေြကာင်းကို တစ်ဆံတစ်ြခည်မျှ မကျင့်မြကံနှင့်။''
အထက်ဥပမာဟာ အလွန်တင်းမာြပတ်သားတဲ့ အသံရှိတယ်။ ေရှးေခတ်ဘုရင့်အမှုထမ်းေတွကို သစ္စာေတာ်ေပးတဲ့ အမိန့်ြပန်တမ်းက ေကာက်နှုတ်ချက်ြဖစ်ပါတယ်။
ဦးဖိုးကျားရဲ့ အလုပ်အေြကာင်းေရးထားတဲ့ ဥပမာတစ်ခုပါ။
''ကျွန်ုပ်သည် အလုပ်ကို ယံုြကည်သူ ြဖစ်သည်။ အလုပ်မလုပ် လပ်ေကာ့လပ်ေကာ့ ေနသူကို အလွန် ြမင်ြပင်းသည်။ သူတစ်ပါး၏ ေြကာင့်ြကကိုခံ၍ ေရသာခိုေနသူတို့ကိုလည်း မြကည့်ချင်။''
အလုပ်အေြကာင်းေြပာတဲ့အတွက် ခိုင်မာြပတ်သားတဲ့အသံကို ြကားနိုင်ပါတယ်။ဝါကျရဲ့အသံကို စာဖတ်ရင်း စိတ်ထဲက နားေထာင်တတ်ဖို့ လိုပါတယ်။ ေပျာ့ေြပာင်းတဲ့အသံ၊ ခန့်ညားတဲ့အသံ၊ အဆံုးသတ်တဲ့အသံ၊ ြပတ်သားတဲ့အသံ စသည်ြဖင့် ကွဲြပားတဲ့အသံများ ရှိေနေြကာင်းပါ။